Will of Work ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ အရေးပါမှုနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များပါ၀င်သည့် လတ်တလော အဖြစ်အပျက်များမှ သင်ယူပြီး မတော်တဆမှုများနှင့် အဖြစ်အပျက်များ မဖြစ်ပွားစေရန် ကာကွယ်သည့် ပတ်ဝန်းကျင်နှင့် စနစ်တစ်ခု ဖန်တီးရန်အတွက်၊ ကျွန်ုပ်တို့သည် အောက်ပါ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး မူဝါဒကို ချမှတ်ထားပါသည်။
လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများကို ဆောင်ကြဉ်းပေးသည့် ပြောင်းလဲမှုအေးဂျင့်အနေဖြင့်「Working」「Interesting」「Learning」「Living」 ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်တွင်လုပ်ငန်းကို မျှော်မှန်းတန်ဖိုးမြင့်မားသော ဝန်ဆောင်မှုများအတွက် အခွင့်အလမ်းများဖန်တီးပေးသည့်နည်းလမ်းဖြင့် စီမံခန့်ခွဲရန် ရည်ရွယ်ပြီး ယင်းကိုရရှိရန်အတွက် ကျွန်ုပ်တို့၏အရာရှိအထက်လူကြီးများနှငင့် ဝန်ထမ်းများအားလုံးသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကာအကွယ်ပေးခြင်း၏အရေးကြီးမှုကို နားလည်သဘောပေါက်ကြပြီး ပံ့ပိုးပေးထားသည့် "ကိုယ်ရေးကိုယ်တာအချက်အလက်များ" ကို ဂရုတစိုက်ကိုင်တွယ်ကာ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို စိတ်အေးချမ်းသာစွာအသုံးပြုနိုင်ကြောင်း သေချာစေရန် ကြိုးပမ်းဆောင်ရွက်ပါမည်။
ကျွန်တော်တို့ ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာအချက်အလက်များအား သင့်လျော်စွာ ကိုင်တွယ်ခြင်းသည် လူမှုတာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း ယုံကြည်ပြီး အောက်ပါအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။
(1) ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း၊ အသုံးပြုခြင်းနှင့် ပံ့ပိုးပေးခြင်း
ကျွန်ုပ်တို့၏ကုမ္ပဏီမှအသုံးပြုသော ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို ရယူ၊ အသုံးပြုကာ သင့်လျော်စွာ ပံ့ပိုးပေးမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော ရည်ရွယ်ချက်များပြည့်မီရန် လိုအပ်သော အတိုင်းအတာထက်ကျော်လွန်၍ ကိုင်တွယ်ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် ၄င်းကိုသေချာစေရန်အတွက် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရည်ရွယ်ထားသည့်ရည်ရွယ်ချက်ထက်ကျော်လွန်၍ ကိုင်တွယ်ဆောင်ရွက်ပါက တစ်ဦးချင်းစီ၏ ကြိုတင်ခွင့်ပြုချက်ရယူမည်ဖြစ်သည်။
(2) ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ဥပဒေများ၊ လမ်းညွှန်ချက်များနှင့် စံနှုန်းများ
ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်သည့် ဥပဒေများ၊ စည်းမျဉ်းများ၊ နိုင်ငံမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အခြားစံနှုန်းများကို လိုက်နာဆောင်ရွက်ပါမည်။
(3)ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း၊ အတုအယောင်ပြုလုပ်ခြင်းစသည်တို့ကို ကျိုးကြောင်းဆီလျော်စွာ ကြိုတင်ကာကွယ်ခြင်းနှင့် ပြုပြင်ခြင်းများကို လုပ်ဆောင်ပါမည်။
(4) ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်၍ တိုင်ကြားမှုများနှင့် စုံစမ်းမေးမြန်းမှုများ
ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်၍ တိုင်ကြားမှုများနှင့် စုံစမ်းမေးမြန်းမှုများကို ဆောလျင်စွာ ဆောင်ရွက်ပေးပါမည်။
(5)ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် ကြိုးပမ်းမှုများ (ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး စီမံခန့်ခွဲမှုစနစ်) နှင့်ပတ်သတ်၍
ကိုယ်ရေးကိုယ်တာအချက်အလက်များကို မှန်ကန်စွာကာကွယ်ရန်အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ဆောင်အားထုတ်မှုများကို အဆက်မပြတ်သုံးသပ်ပြီး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားပါမည်။
(6)ကိုယ်ရေးကိုယ်တာ အချက်အလက်များ မျှဝေသုံးစွဲမှုနဲ့ပတ်သက်၍
အပိုတန်ဖိုးမြင့်မားသော ဝန်ဆောင်မှုများကို ပေးဆောင်ရန်အတွက်၊ သတ်မှတ်ထားသော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့အုပ်စုကုမ္ပဏီများကြားတွင်သာ ပေးထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပူးတွဲအသုံးပြုပါမည်။ ထို့အပြင် ကုမ္ပဏီအုပ်စုအနေဖြင့်လည်း ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရည်ရွယ်ထားသည့် ရည်ရွယ်ချက်ထက် ကျော်လွန်၍ အသုံးပြုမည်မဟုတ်ပါ။
ထုတ်ပြန်သည့်နေ့စွဲ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်
ပြင်ဆင်သည့်နေ့စွဲ ၂၀၁၉ ခုနှစ် ၁၀လပိုင်း ၁ရက်
Will of Work ကုမ္ပဏီ
အထွေထွေအမှုဆောင် Hideo Murakami
(1)မှတ်ပုံတင်ထားသူများအနေဖြင့် ဝန်ဆောင်မှုကို အသုံးပြုလိုသူများ
l ယာယီဝန်ထမ်းမှတ်ပုံတင်ခြင်း၊ ယာယီဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းမိတ်ဆက်ခြင်း၊ ပြင်ပလုပ်ငန်း စသည့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပေးဆောင်မှုများ။
l အလုပ်မိတ်ဆက်ခြင်းရည်ရွယ်ချက်အတွက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို အတည်ပြုရန်။
l အလုပ်ရှင်ကုမ္ပဏီများထံသို့ အလုပ်အကိုင်ရှာဖွေသူ အချက်အလက်များ ပေးပို့ရန်။
l ရွေးချယ်ခြင်းနှင့် ဆုံးဖြတ်သည့်အခါ လုပ်ငန်းခွင်အခြေအနေများနှင့် ကျွမ်းကျင်မှုများသည် လျှောက်လွှာ၏ လုပ်ငန်းခွင်အခြေအနေနှင့် အကြောင်းအရာနှင့် ကိုက်ညီမှုရှိမရှိ အတည်ပြုရန်။
l လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ အစည်းအဝေး၊ အင်တာဗျူးများ အစရှိသည်တို့အတွက် အချိန်ဇယားများစီစဉ်ရန်။
l လူမှုဖူလုံရေးအကျိုးခံစားခွင့်များ (အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ လူမှုဖူလုံရေးအာမခံတွင် စာရင်းသွင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲမှု၊ မီးဖွားခွင့်နှင့် သူနာပြုစောင့်ရှောက်မှုခွင့်လျှောက်လွှာ၊ ပြုပြင်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု၊ ကုမ္ပဏီအိမ်ရာလျှောက်ထားခြင်းနှင့် စီမံခန့်ခွဲထိန်းသိမ်းခြင်း)
l ဘေးကင်းရေး စီမံခန့်ခွဲမှု (အဝင်အထွက် မှတ်တမ်းတင်ခြင်းဖြင့် ခိုးယူခြင်းမှ ကာကွယ်ခြင်း၊ မှတ်တမ်းများ စစ်ဆေးခြင်းဖြင့် ပစ္စည်းများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း၊ ရှာဖွေတွေ့ရှိခြင်း၊ ဖုန်းမှတ်တမ်းတင်ခြင်း)။
l အမျိုးမျိုးသောစုံစမ်းမေးမြန်းမှုများအတွက် (မှတ်ပုံတင်ခြင်း၊ ညှိနှိုင်းခြင်း၊ တိုင်ကြားချက်များကိုကိုင်တွယ်ခြင်း၊ လက်မှတ်ထုတ်ပေးခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းများ၊ တယ်လီဖုန်းမှတ်တမ်းတင်ခြင်း)
l ကျွန်ုပ်တို့၏ကုမ္ပဏီ၊ အုပ်စုကုမ္ပဏီများနှငင့် အခြားကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့်ပတ်သတ်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများကို အီးမေးလ်၊ တိုက်ရိုက်မေးလ်နှင့် အခြားစာပို့မှုများမှတစ်ဆင့် ပေးပို့ရန်။
l စစ်တမ်းများ (ဖောက်သည်စိတ်ကျေနပ်မှုရှိစေရန်၊ ဝန်ဆောင်မှုတိုးတက်စေရန်၊ စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ရန်နှင့် စာရင်းအင်းစာရွက်စာတမ်းများပြုလုပ်ခြင်း)
l စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ (ရရှိထားသောရှာဖွေမှုမှတ်တမ်းအချက်အလက်ကို ခွဲခြမ်းစိတ်ဖြာရန်နှင့် အလုပ်ကမ်းလှမ်းမှုများကဲ့သို့သော ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့်သက်ဆိုင်သည့် ကြော်ငြာများပေးပို့ရန်)
l ဆွေးနွေးပွဲများ၊ ပြပွဲများ၊ ပွဲလမ်းသဘင်များ၊ သင်တန်းများ စသည်တို့၏ လမ်းညွှန်မှုနှင့် စီမံခန့်ခွဲမှု။
(2) ပံ့ပိုးမှုရယူပြီး ကုမ္ပဏီများတွင် အလုပ်လုပ်မည့်သူများ
l လုပ်ငန်းခွင်လည်ပတ်မှုများ၊ ကျွန်ုပ်တို့ကုမ္ပဏီနှင့်အစည်းအဝေးများ၊ အင်တာဗျူးများ အစရှိသည်တို့အတွက် အချိန်ဇယားညှိနှိုင်းဆောင်ရွက်ရန်။
l စာချုပ်ချုပ်ခြင်း၊ ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊ စာချုပ်ပေါ်အခြေခံ၍အသိပေးခြင်းများ၊ ငွေပေးချေခြင်းနှင့် ပံ့ပိုးကူညီရေးလုပ်ငန်းများအတွက်
l ဘေးကင်းရေး စီမံခန့်ခွဲမှု (အဝင်အထွက် မှတ်တမ်းတင်ခြင်းဖြင့် ခိုးယူခြင်းမှ ကာကွယ်ခြင်း၊ မှတ်တမ်းများ စစ်ဆေးခြင်းဖြင့် ပစ္စည်းများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း၊ ရှာဖွေတွေ့ရှိခြင်း၊ ဖုန်းမှတ်တမ်းတင်ခြင်း)။
l အမျိုးမျိုးသောစုံစမ်းမေးမြန်းမှုများအတွက် (မှတ်ပုံတင်ခြင်း၊ ညှိနှိုင်းခြင်း၊ တိုင်ကြားချက်များကိုကိုင်တွယ်ခြင်း၊ လက်မှတ်ထုတ်ပေးခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းများ၊ တယ်လီဖုန်းမှတ်တမ်းတင်ခြင်း)
l ကျွန်ုပ်တို့၏ကုမ္ပဏီ၊ အုပ်စုကုမ္ပဏီများနှငင့် အခြားကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့်ပတ်သတ်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများကို အီးမေးလ်၊ တိုက်ရိုက်မေးလ်နှင့် အခြားစာပို့မှုများမှတစ်ဆင့် ပေးပို့ရန်။
l စစ်တမ်းများ (ဖောက်သည်စိတ်ကျေနပ်မှုရှိစေရန်၊ ဝန်ဆောင်မှုတိုးတက်စေရန်၊ စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ရန်နှင့် စာရင်းအင်းစာရွက်စာတမ်းများပြုလုပ်ခြင်း)
l စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ (ရရှိထားသောရှာဖွေမှုမှတ်တမ်းအချက်အလက်ကို ခွဲခြမ်းစိတ်ဖြာရန်နှင့် အလုပ်ကမ်းလှမ်းမှုများကဲ့သို့သော ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့်သက်ဆိုင်သည့် ကြော်ငြာများပေးပို့ရန်)
l ဆွေးနွေးပွဲများ၊ ပြပွဲများ၊ ပွဲလမ်းသဘင်များ၊ သင်တန်းများ စသည်တို့၏ လမ်းညွှန်မှုနှင့် စီမံခန့်ခွဲမှု။
l မှတ်ပုံတင်ခြင်းဆိုင်ရာ ပံ့ပိုးကူညီမှု (ပြည်၀င်ပြည်ထွက်အကြိုအပို့၊ နေထိုင်ရာနေရာကူညီပေးခြင်း၊ လိုအပ်သောပံ့ပိုးမှု၊ လမ်းညွှန်မှု၊ ရုံးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဂျပန်ဘာသာစကားသင်ယူမှု ပံ့ပိုးမှု၊ အလုပ်အပြောင်းအလဲ ပံ့ပိုးမှု၊ အင်တာဗျူးများ၊ နှီးနှောဖလှယ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပံ့ပိုးမှုဝန်ဆောင်မှုများ စသည်တို့နှင့်ဆက်စပ်၍ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီကဲ့သို့သော အဖွဲ့အစည်းများနှင့် ပြင်ပအရင်းအမြစ်ရှိသူများသို့ အစီရင်ခံခြင်း အစရှိသည်။က
l ယာယီဝန်ထမ်းမှတ်ပုံတင်ခြင်း၊ ယာယီဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းမိတ်ဆက်ခြင်း၊ ပြင်ပလုပ်ငန်းစသည်ဖြင့် ဆောင်ရွက်ပေးခြင်း။
l အလုပ်မိတ်ဆက်ခြင်းရည်ရွယ်ချက်အတွက် ကျွမ်းကျင်မှု၊ အတွေ့အကြုံ စသည်တို့ကို အတည်ပြုခြင်း။
l အလုပ်ရှင်ကုမ္ပဏီများအား အလုပ်လျှောက်ထားသူများရဲ့ သတင်းအချက်အလက်ပေးနိုင်ရန်။
l ရွေးချယ်မှု / အလုပ်ခန့်အပ်မှုများနှင့်ပတ်သတ်ပြီး အလုပ်အကိုင်အခြေအနေ/ကျွမ်းကျင်မှုအသေးစိတ်အချက်အလက်များသည် လျှောက်ထားသည့်အလုပ်အကိုင်အခြေအနေ/အကြောင်းအရာများနှင့် ကိုက်ညီကြောင်း အတည်ပြုခြင်း။
(3)တရား၀င်ချပြထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ်အခြေခံ၍ ကင်းထောက်စုံစမ်းထောက်လှမ်းမှုလုပ်သည်များလည်း ရှိပါသည်။ ကင်းထောက်လှုပ်ရှားမှုလုပ်သူများထံသို့ ရား၀င်ချပြထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ်အခြေခံ၍ ကျွန်ုပ်တို့ ကုမ္ပဏီမှ ဆက်သွယ်တာမျိုးရှိပါမည်။
ပေးအပ်ခြင်း၏ ရည်ရွယ်ချက် |
ပေးအပ်မည့် အချက်အလက်များ |
ပေးအပ်ရန် နည်းလမ်းများ |
ပေးအပ်မည့် အဖွဲ့အစည်းများ |
စာချုပ် |
လစာငွေလွှဲခြင်း စသည်တို့အတွက်၊ |
အမည်အပြည့်အစုံ ဘဏ်အကောင့်နံပါတ် ငွေလွှဲပမာဏ စသည်တို့ |
လက်ဖြင့်ပေးခြင်း စာတိုက်မှပို့ခြင်း ဝဘ်ဆိုဒ်တွင်ထည့်သွင်းခြင်း။ |
ဘဏ်အစရှိသောငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ |
ရှိ |
ဝင်ထွက်ကဒ်များပြုလုပ်ရန်အတွက် |
နာမည်အပြည့်အစုံ မွေးနေ့ အီးမေးလ်လိပ်စာပြုလုပ်ရန် လိုအပ်သောအချက်အလက်များ |
လက်ဖြင့်ပေးခြင်း စာတိုက်မှပို့ခြင်း နှုတ်ဖြင့်ပြောခြင်း အီးမေးလ်/အွန်လိုင်းစနစ်ဖြင့်။ |
စာချုပ်ချုပ်ဆိုသူ ခန့်အပ်မည့်နေရာ |
ရှိ |
အလုပ်ရှင်ကုမ္ပဏီသို့ အလုပ်လျှောက်ထားသူ အချက်အလက်များပေးဆောင်ရန် |
နာမည်အပြည့်အစုံ ကျွမ်းကျင်မှု၊ အတွေ့အကြုံ စသည့်အလုပ်လျှောက်ထားရန်လိုအပ်သောအချက်အလက်များ |
လက်ဖြင့်ပေးခြင်း စာတိုက်မှပို့ခြင်း အီးမေးလ်/အွန်လိုင်းစနစ်ဖြင့်။ |
ခေါ်ယူသည့်ကုမ္ပဏီသို့ |
ရှိ |
မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် |
နာမည်အပြည့်အစုံ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းများ စသည်တို့အတွက် လိုအပ်သော အချက်အလက်၊ သတင်းအချက်အလက် အင်တာဗျူးရလဒ်များကဲ့သို့သောပံ့ပိုးကူညီမှုများအတွက် လိုအပ်သော အချက်အလက် |
လက်ဖြင့်ပေးခြင်း စာတိုက်မှပို့ခြင်း အီးမေးလ်/အွန်လိုင်းစနစ်ဖြင့်။ |
အပ်နှံသူ |
ရှိ |
ကြော်ငြာဖြန့်ချီခြင်း/အကျိုးသက်ရောက်မှုများ တိုင်းတာခြင်း/ခွဲခြမ်းစိတ်ဖြာခြင်း။ |
အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ် |
ညာဘက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုပေးကုမ္ပဏီ၏ သီးသန့်စာမျက်နှာသို့ ၀င်ပါ။ |
Google Inc |
- |
- |
Meta Platforms Technologies Japan LLC |
https://policies.google.com/privacy?hl=ja
https://www.facebook.com/privacy/policy/
မြင့်မားသောတန်ဖိုးရှိသော ဝန်ဆောင်မှုများကို ပေးဆောင်ရန်အတွက် Will of Work Co., Ltd. သည် အောက်ပါနယ်ပယ်အတွင်း လိုအပ်မှသာ တင်းကျပ်သော စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုအောက်တွင် အုပ်စုကုမ္ပဏီများအကြား ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေနိုင်ပါသည်။ ထို့အပြင်၊ အဖွဲ့လိုက် ကုမ္ပဏီတစ်ခုစီသည် ၎င်း၏ ရည်ရွယ်ထားသည့် ရည်ရွယ်ချက်မှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်အတွက်မဆို ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။
(1) ပူတွဲအသုံးပြုသည့်ရည်ရွယ်ချက်များ
l ယာယီဝန်ထမ်းမှတ်ပုံတင်ခြင်း၊ ယာယီဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းမိတ်ဆက်ခြင်း၊ ပြင်ပလုပ်ငန်း စသည့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပေးဆောင်မှုများ။
l အလုပ်မိတ်ဆက်ခြင်းရည်ရွယ်ချက်အတွက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို အတည်ပြုရန်။
l အလုပ်ရှင်ကုမ္ပဏီများထံသို့ အလုပ်အကိုင်ရှာဖွေသူ အချက်အလက်များ ပေးပို့ရန်။
l ရွေးချယ်ခြင်းနှင့် ဆုံးဖြတ်သည့်အခါ လုပ်ငန်းခွင်အခြေအနေများနှင့် ကျွမ်းကျင်မှုများသည် လျှောက်လွှာ၏ လုပ်ငန်းခွင်အခြေအနေနှင့် အကြောင်းအရာနှင့် ကိုက်ညီမှုရှိမရှိ အတည်ပြုရန်။
l လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ အစည်းအဝေး၊ အင်တာဗျူးများ အစရှိသည်တို့အတွက် အချိန်ဇယားများစီစဉ်ရန်။
l ပြည်တွင်းအုပ်စုကုမ္ပဏီများမှတိုက်ရိုက်ဆက်သွယ်ရန်
l အမျိုးမျိုးသော စုံစမ်းမေးမြန်းမှုများ (ကာယကံရှင်အထောက်အထားစိစစ်ခြင်း၊
(2) ပူးတွဲအသုံးပြုမည့် အချက်အလက်များ
အမည်၊ အလုပ်မှတ်တမ်း၊ အရည်အချင်းများ၊ အတွေ့အကြုံ၊ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ လုပ်ငန်းကတ်အချက်အလက်၊ ကုမ္ပဏီအချက်အလက်စသည့် အရည်အချင်းများ။
(3) ပူးတွဲအသုံးပြုမည့် ကုမ္ပဏီများ
ကျွန်ုပ်တို့၏ အုပ်စုကုမ္ပဏီအဖွဲ့အစည်းအသီးသီး
(4) ပူးတွဲအသုံးပြုရန် တာဝန်ရှိ ပုဂ္ဂိုလ်
Will Group Co., Ltd.
〒164-0012
၂၇ ထပ်၊ Harmony Tower၊ 1-32-2 Honmachi၊ Nakano-ku၊ Tokyo
ကိုယ်စားလှယ် ဒါရိုက်တာနှင့် ဥက္ကဌ Yuichi Sumi
Shuhei Nakajima၊ လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲ အထွေထွေမန်နေဂျာ၊
(5) ကိုယ်ရေးကိုယ်တာ အချက်အလက်များရယူခြင်းနည်းလမ်း
ပူးတွဲအသုံးပြုမည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အဖွဲ့လိုက်ကုမ္ပဏီတစ်ခုစီမှ စာဖြင့်ရယူရမည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို လွှဲပြောင်းသည့်အခါ သင့်လျော်သော လုံခြုံရေးအစီအမံများကို ဆောင်ရွက်ပါမည်။
① သိမ်းဆည်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ စသည်တို့ (အသုံးပြုရန် ရည်ရွယ်ချက်၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ဖျက်ခြင်း၊ အသုံးပြုခြင်းအား ဆိုင်းငံ့ခြင်း၊ ဖျက်ခြင်း၊ နှင့် ပြင်ပအဖွဲ့အစည်းများအား ပေးအပ်ခြင်းအား ဆိုင်းငံ့ခြင်း) နှင့် တတိယအဖွဲ့အစည်းများအား ပေးအပ်ထားသော မှတ်တမ်းများ ထုတ်ဖော်ခြင်း
② သတင်းအချက်အလက်ဆိုင်ရာ ဒေတာများ (ပြင်ပထုတ်လွှင့်မှု၊ ထုတ်ယူခြင်းး စသည်များအပါအဝင်)၊
③ ဘေးကင်းရေးစီမံခန့်ခွဲမှုအစီအမံများအတွက် ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကို စစ်ဆေးပါ။