【GM】 တိုကျို_ကဖေးစားသောက်ဆိုင်၊တစ်နာရီ ၁၃၀၀ယန်းနှင့် အထက် ၊အလုပ်အဆောင်ရှိ၊စကားပြောN3နှင့်အထက်

N3 သို့မဟုတ် နေ့စဥ်သုံးအဆင့်ဂျပန်စာ

လိပ်စာ

အလုပ်နေရာ

Tokyo Chiyoda Ku
akihabaraဘူတာမှ လမ်းလျှောက်3 မိနစ်

အလုပ်ခေါ်စာအသေးစိတ်

အလုပ်အမျိုးအစား

တိုခုတေး စားသောက်ဆိုင်

အလုပ်ခေါ်စာအကြောင်းအရာ

ဧည့်သည်၀န်ဆောင်မှုနှင့်ဖိုပိုင်းအလုပ်၊
မီနူးကို အရင်လေ့လာမှတ်သားရာမှ စတင်ပြီး ဖိုပိုင်း၊ မီနူးအသစ်အကြုံပေးခြင်း၊ ဆိုင်စီမံခန့်ခွဲရေးအပိုင်းအစရှိသည်ဖြင့် တာ၀န်ယူလုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့်လက်တွဲအလုပ်လုပ်ခြင်းကောင်းကျိုးများ

နိုင်ငံခြားသားများ အလုပ်လုပ်လျက်ရှိသည်

သပ်ရပ်သန့်ရှင်းသောလုပ်ငန်းခွင်

uniformပေးသည်

လစာတိုးရှိသည်

အလုပ်အာမခံရှိ

လူမှုဖူလုံရေးအာမခံရှိ

အတွေ့အကြုံမရှိသူများအားကြိုဆိုပါသည်

အမျိုးသား အမျိုးသမီးမရွေး

မည့်သည့်နိုင်ငံသားမဆို

လုပ်အားခ 2,184,000+ Yen လစာ
စုစုပေါင်းပေးငွေ 218400Yen
ဖြတ်တောက်မည့်ပမာဏ ※အခွန်နှင့်အခြားဖြတ်တောက်ငွေများမှာ ဥပဒေအရ လစာထဲမှကျသင့်ငွေကိုဖြတ်တောက်သွားပါမည်
လက်ကျန်ငွေ 186000Yen
လစာတိုးခြင်းစနစ် ရှိ
ဆုကြေး မရှိ
တိုက်ခန်းနှင့် အိပ်ခန်း နောက်မှ စာချူပ်မှာဖြစ်သည့်အတွက် အတိအကျမသိ
ပြောင်းရွှေ့စရိတ် မိမိကိုယ်တိုင် ပေးချေခြင်း
ပစ္စည်း ပို့ခကျခံခြင်း မိမိကိုယ်တိုင် ပေးချေခြင်း
အိမ်သုံးပရိဘောဂ မိမိကိုယ်တိုင် ပေးချေခြင်း
အခြား ● အလုပ်နေရာ- တိုကျို
● တစ်နာရီလုပ်ခ- ၁၃၀၀ ယန်း မှ စတင်ပါမည်။
● အလုပ်ခန့်အပ်မှုပုံစံ- အချိန်ပိုင်း၀န်ထမ်း (စာချုပ်ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းရှိပါသည်။)
● အလုပ်အကြောင်းအရာ- ဧည့်ကြိုနှင့် ဖိုပိုင်း
● အလုပ်ချိန်- အခြေခံအားဖြင့် တစ်နေ့ ၈ နာရီ၊ တစ်ပတ် ၅ ရက် အလုပ်ခန့်အပ်မှု စာချုပ်ဖြစ်ပါသည်။ အချိန်ပိုလုပ်ရခြင်းသည် ဆိုင်ခွဲအလိုက် ကွာခြားမှုရှိနိုင်ပါသည်။ အလုပ်ချိန်သည် ဆိုင်ခွဲအလိုက် ပြောင်းလဲမှုရှိနိုင်ပါသည် (အခြေခံအားဖြင့် အလုပ်ဆင်းဇယားအတိုင်း ဖြစ်ပါသည်)။
တစ်နာရီလုပ်ခသည်လည်း ဆိုင်ခွဲအလိုက် ပြောင်းလဲနိုင်ပါသည်။
● အိမ်လခ- တစ်ဦးလျှင် ယန်း ၂၀,၀၀၀ ဖြစ်ပြီး မီးဘေးအာမခံကြေး ယန်း ၁၅၀ နှင့်ပေါင်း၍ လစာမှ နှုတ်ယူပါမည်။ အခြေခံအားဖြင့် အိမ်လခကို လစဥ် ၂၅ ရက်နေ့တွင် ထုတ်ပေးသောလစာမှ နှုတ်ယူပါမည် (ဥပမာ- ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိအတွက် အိမ်လခကို ဇူလိုင်လ ၂၅ ရက်နေ့ လစာမှ နှုတ်ယူပါမည်)။ အိမ်မှထွက်ခွာသည့်အခါ အိမ်လခကို ရက်ပိုင်းဖြင့် တွက်ချက်ပေးမည်မဟုတ်ပါ (ဥပမာ- ဩဂုတ်လ ၃ ရက်နေ့တွင် ထွက်ခွာပါက ဩဂုတ်လအတွက် အိမ်လခ ယန်း ၂၀,၀၀၀ ပေးဆောင်ရပါမည်)။ အိမ်စတင်နေထိုင်သည့်အခါ ၁၁ ရက်ထက်နည်းပါက ထိုလအတွက် အိမ်လခပေးဆောင်ရန်မလိုပါ (ဥပမာ- ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်နေထိုင်ပါက ဇူလိုင်လအတွက် အိမ်လခပေးရန်မလိုပါ။ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်နေထိုင်ပါက ဇူလိုင်လအတွက် အိမ်လခ ယန်း ၂၀,၀၀၀ ပေးဆောင်ရပါမည်)။ အလုပ်စတင်သည့် အခြေအနေအရ ထိုလတွင် လစာထုတ်ပေးခြင်းမရှိပါက နောက်လလစာမှ အိမ်လခကို နှုတ်ယူပါမည် (ဥပမာ- ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုပ်ဝင်ပြီး အလုပ်စတင်ပါက ပထမဆုံးလစာကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ရရှိမည်ဖြစ်သောကြောင့် ဇူလိုင်လနှင့် ဩဂုတ်လအတွက် အိမ်လခများကို တစ်ပါတည်း နှုတ်ယူပါမည်)။
● ရေ၊ မီး၊ ဂတ်စ်ခ- မိမိဘာသာ ကျခံရပါမည်။
● နိုင်ငံပြန်သည့်အခါ- အလုပ်များသောလများကို ရှောင်ရှားပေးစေလိုပါသည်။
● ခွင့်ရက်- အလုပ်ဝင်ပြီး ၆ လအကြာတွင် နှစ်စဉ်လစာပြည့်ခွင့်ရက်(ယူးခရူး)ကို ပေးအပ်ပါမည်။ အထူးခွင့်ရက်၊ နာရေးသာရေးခွင့်ရက်များ ရှိသော်လည်း လစာမဲ့ခွင့်ဖြစ်ပါသည်။
● ကျန်းမာရေးစစ်ဆေးခြင်း- တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်ရပါမည်။
● လစာထုတ်ပေးခြင်း- သတ်မှတ်ထားသော ဘဏ်အကောင့်သို့ လွှဲပေးပါမည် (လက်ငင်းငွေသားဖြင့် ထုတ်ပေးခြင်းမရှိပါ)။
● အလုပ်မှနုတ်ထွက်ခြင်း- မိမိသဘောဆန္ဒအလျောက် အလုပ်မှနုတ်ထွက်လိုပါက အလုပ်မထွက်မီ ရက် ၃၀ ကြိုတင်၍ သက်ဆိုင်ရာဌာနမှူးထံ တင်ပြရပါမည်။
● အလုပ်ခွင်စည်းကမ်း- အလုပ်ခွင်အတွင်းတွင် အခြေခံအားဖြင့် ဂျပန်ဘာသာစကားကိုသာ အသုံးပြုရပါမည် (အလုပ်ချိန်အတွင်း မိမိနိုင်ငံသားအချင်းချင်း မိခင်ဘာသာစကားဖြင့် ပြောဆိုခြင်းမပြုရ)။ အခြားအချက်အလက်များသည် အလုပ်ခွင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ပါသည်။

■လစာတိုးရှိ : အရည်အချင်းနှင့် ကုမ္ပဏီအကျိုးအမြတ်ပေါ်မူတည်၍
■ဘောနပ်စ် : မရှိပါ
■အလုပ်အသွားအပြန်ခရီးစရိတ်ထောက်ပံ့ကြေးရှိ
■အလုပ်၀င်မည့်ကာလ- ၂၀၂၆ ခုနှစ် ၃လပိုင်းမှစ၍ ၀င်နိုင်သူ
■ယူနီဖောင်း ကုမ္ပဏီမှ ငှားပေးပါသည်
■ အဆောင်ရှိ
■ တိုခုတဲဂိနိုအမှတ် ၂ ထောက်ပံ့မှုရှိ
■ရေရှည်တွင်店長အဖြစ်ရာထူးတက်လိုသူများအခွင့်အလမ်းရှိ
◆အလုပ်လျှောက်မည်ဆိုပါက
※ပထမဆုံး 会話テスト ဂျပန်စကားပြောစစ်ပါမည်
※ဂျပန်စကားပြောအဆင်ပြေပါက Willof မှ တာ၀န်ခံက အင်တာဗျူးလုပ်ပါမည်
※Willof အင်တာဗျူးအောင်ပါက အလုပ်လုပ်ရမည့် ကုမ္ပဏီနှင့် အင်တာဗျူး ရှိပါမည်
※ကုမ္ပဏီအင်တာဗျူး စုစုပေါင်း ၁ ကြိမ် - အွန်လိုင်း

အသေးစိတ် အချက်များ

အလုပ်ချိန်

အဆိုင်းစနစ်

သတ်မှတ်ထားခြင်းမရှိ 06:00 am - 03:00 pm

သတ်မှတ်ထားသော Shift ပုံစံ

အချိန်ပို ရှိ၊ မရှိ

ရှိ (အချိန်ပို ၁၀နာရီ၀န်းကျင်)

လိုအပ်ချက်များ -
အနိမ့်ဆုံးဂျပန်စာအရည်အချင်း

N3 သို့မဟုတ် နေ့စဥ်သုံးအဆင့်ဂျပန်စာ

လျှောက်ထားနိုင်သောဗီဇာအမျိုးအစားများ အမြဲနေထိုင်ခွင့်ရှိသူ
ရေရှည်နေထိုင်ခွင့်ရှိသူ
အမြဲနေထိုင်ခွင့်ရှိသူ၏အိမ်ထောင်ဖက်
ဂျပန်လူမျိုးအိမ်ထောင်ဖက်
နည်းပညာသင်တန်းသား (ဂျစ်ရှုးဆေး)
တိုခုတေးဂိနိုး
တိုခုတေးခစွတ်ဒိုး
တိုခုတေးခစွတ်ဒိုး(အခြား)
လမ်းစရိတ်

လမ်းစရိတ်တစ်စိတ်တစ်ပိုင်း ထောက်ပံ့သည် : 35000 Yen/ လ

အခြား

လျှောက်ထားခြင်းလုပ်ငန်းစဉ်

1.၁။ ကျွန်ုပ်တို့WILLOF WORKကုမ္ပဏီ(မှတ်ပုံတင်ထောက်ပံ့ရေးအဖွဲ့အစည်း)နှင့် အင်တာဗျူးလုပ်ပါမည်။
2.၂။အင်တာဗျူးပြီးနောက် နှစ်ဦးနှစ်ဖက်အဆင်ပြေပါက မိမိတို့အလုပ်၀င်မည့်ကုမ္ပဏီနှင့်ထပ်မံအင်တာဗျူးရှိပါမည်။
ကုမ္ပဏီပေါ်မူတည်ပြီး အင်တာဗျူးအကြိမ်အရေအတွက်ကွာခြားမှုရှိပါသည်။

အခြား

・အင်တာဗျူးသည် ဂျပန်တာ၀န်ခံနှင့်အတူပါ၀င်ပြီး စကားပြန်လည်းရှိသည်။
・ပထမအကြိမ်အင်တာဗျူးတွင် အလုပ်အကြောင်းအရာအသေးစိတ်ကို မိတ်ဆက်ပေးမည်ဖြစ်ပြီး အချက်အလက်များအကိုက်ညီပါက ကန်ဆယ်လုပ်နိုင်သည်
・အာမခံစရံငွေမလို、မိတ်ဆက်ခပေးစရာမလို
・အင်တာဗျူးလေ့ကျင့်ပေးမည်

အင်တာဗျူး ပုံစံ အွန်လိုင်း
လျှောက်ထားနည်း

လျှောက်ထားသည့်ခလုတ်ကို နှိပ်ပြီး Facebook မက်ဆေ့ဂျ်မှတစ်ဆင့် အလိုအလျောက်ညွှန်ကြားချက်အတိုင်း အချက်အလက်များကို ဖြည့်သွင်းပါ။