| အလုပ်နေရာ |
Chiba Nagareyama Shi
|
|---|
| အလုပ်အမျိုးအစား | တိုခုတေး စားသောက်ဆိုင် |
|---|---|
| အလုပ်ခေါ်စာအကြောင်းအရာ |
ဧည့်သည်၀န်ဆောင်မှုနှင့်ဖိုပိုင်းအလုပ်၊ |
| ကျွန်ုပ်တို့နှင့်လက်တွဲအလုပ်လုပ်ခြင်းကောင်းကျိုးများ | နိုင်ငံခြားသားများ အလုပ်လုပ်လျက်ရှိသည် သပ်ရပ်သန့်ရှင်းသောလုပ်ငန်းခွင် uniformပေးသည် လစာတိုးရှိသည် အလုပ်အာမခံရှိ လူမှုဖူလုံရေးအာမခံရှိ အတွေ့အကြုံမရှိသူများအားကြိုဆိုပါသည် အမျိုးသား အမျိုးသမီးမရွေး မည့်သည့်နိုင်ငံသားမဆို |
| လုပ်အားခ |
2,184,000+ Yen လစာ
|
|---|---|
| စုစုပေါင်းပေးငွေ | 218400Yen |
| ဖြတ်တောက်မည့်ပမာဏ | ※အခွန်နှင့်အခြားဖြတ်တောက်ငွေများမှာ ဥပဒေအရ လစာထဲမှကျသင့်ငွေကိုဖြတ်တောက်သွားပါမည် |
| လက်ကျန်ငွေ | 186000Yen |
| လစာတိုးခြင်းစနစ် | ရှိ |
| ဆုကြေး | မရှိ |
| တိုက်ခန်းနှင့် အိပ်ခန်း | နောက်မှ စာချူပ်မှာဖြစ်သည့်အတွက် အတိအကျမသိ |
| ပြောင်းရွှေ့စရိတ် | မိမိကိုယ်တိုင် ပေးချေခြင်း |
| ပစ္စည်း ပို့ခကျခံခြင်း | မိမိကိုယ်တိုင် ပေးချေခြင်း |
| အိမ်သုံးပရိဘောဂ | မိမိကိုယ်တိုင် ပေးချေခြင်း |
| အခြား |
● အလုပ်နေရာ- တိုကျို ● တစ်နာရီလုပ်ခ- ၁၃၀၀ ယန်း မှ စတင်ပါမည်။ ● အလုပ်ခန့်အပ်မှုပုံစံ- အချိန်ပိုင်း၀န်ထမ်း (စာချုပ်ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းရှိပါသည်။) ● အလုပ်အကြောင်းအရာ- ဧည့်ကြိုနှင့် ဖိုပိုင်း ● အလုပ်ချိန်- အခြေခံအားဖြင့် တစ်နေ့ ၈ နာရီ၊ တစ်ပတ် ၅ ရက် အလုပ်ခန့်အပ်မှု စာချုပ်ဖြစ်ပါသည်။ အချိန်ပိုလုပ်ရခြင်းသည် ဆိုင်ခွဲအလိုက် ကွာခြားမှုရှိနိုင်ပါသည်။ အလုပ်ချိန်သည် ဆိုင်ခွဲအလိုက် ပြောင်းလဲမှုရှိနိုင်ပါသည် (အခြေခံအားဖြင့် အလုပ်ဆင်းဇယားအတိုင်း ဖြစ်ပါသည်)။ တစ်နာရီလုပ်ခသည်လည်း ဆိုင်ခွဲအလိုက် ပြောင်းလဲနိုင်ပါသည်။ ● အိမ်လခ- တစ်ဦးလျှင် ယန်း ၂၀,၀၀၀ ဖြစ်ပြီး မီးဘေးအာမခံကြေး ယန်း ၁၅၀ နှင့်ပေါင်း၍ လစာမှ နှုတ်ယူပါမည်။ အခြေခံအားဖြင့် အိမ်လခကို လစဥ် ၂၅ ရက်နေ့တွင် ထုတ်ပေးသောလစာမှ နှုတ်ယူပါမည် (ဥပမာ- ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိအတွက် အိမ်လခကို ဇူလိုင်လ ၂၅ ရက်နေ့ လစာမှ နှုတ်ယူပါမည်)။ အိမ်မှထွက်ခွာသည့်အခါ အိမ်လခကို ရက်ပိုင်းဖြင့် တွက်ချက်ပေးမည်မဟုတ်ပါ (ဥပမာ- ဩဂုတ်လ ၃ ရက်နေ့တွင် ထွက်ခွာပါက ဩဂုတ်လအတွက် အိမ်လခ ယန်း ၂၀,၀၀၀ ပေးဆောင်ရပါမည်)။ အိမ်စတင်နေထိုင်သည့်အခါ ၁၁ ရက်ထက်နည်းပါက ထိုလအတွက် အိမ်လခပေးဆောင်ရန်မလိုပါ (ဥပမာ- ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်နေထိုင်ပါက ဇူလိုင်လအတွက် အိမ်လခပေးရန်မလိုပါ။ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်နေထိုင်ပါက ဇူလိုင်လအတွက် အိမ်လခ ယန်း ၂၀,၀၀၀ ပေးဆောင်ရပါမည်)။ အလုပ်စတင်သည့် အခြေအနေအရ ထိုလတွင် လစာထုတ်ပေးခြင်းမရှိပါက နောက်လလစာမှ အိမ်လခကို နှုတ်ယူပါမည် (ဥပမာ- ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုပ်ဝင်ပြီး အလုပ်စတင်ပါက ပထမဆုံးလစာကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ရရှိမည်ဖြစ်သောကြောင့် ဇူလိုင်လနှင့် ဩဂုတ်လအတွက် အိမ်လခများကို တစ်ပါတည်း နှုတ်ယူပါမည်)။ ● ရေ၊ မီး၊ ဂတ်စ်ခ- မိမိဘာသာ ကျခံရပါမည်။ ● နိုင်ငံပြန်သည့်အခါ- အလုပ်များသောလများကို ရှောင်ရှားပေးစေလိုပါသည်။ ● ခွင့်ရက်- အလုပ်ဝင်ပြီး ၆ လအကြာတွင် နှစ်စဉ်လစာပြည့်ခွင့်ရက်(ယူးခရူး)ကို ပေးအပ်ပါမည်။ အထူးခွင့်ရက်၊ နာရေးသာရေးခွင့်ရက်များ ရှိသော်လည်း လစာမဲ့ခွင့်ဖြစ်ပါသည်။ ● ကျန်းမာရေးစစ်ဆေးခြင်း- တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်ရပါမည်။ ● လစာထုတ်ပေးခြင်း- သတ်မှတ်ထားသော ဘဏ်အကောင့်သို့ လွှဲပေးပါမည် (လက်ငင်းငွေသားဖြင့် ထုတ်ပေးခြင်းမရှိပါ)။ ● အလုပ်မှနုတ်ထွက်ခြင်း- မိမိသဘောဆန္ဒအလျောက် အလုပ်မှနုတ်ထွက်လိုပါက အလုပ်မထွက်မီ ရက် ၃၀ ကြိုတင်၍ သက်ဆိုင်ရာဌာနမှူးထံ တင်ပြရပါမည်။ ● အလုပ်ခွင်စည်းကမ်း- အလုပ်ခွင်အတွင်းတွင် အခြေခံအားဖြင့် ဂျပန်ဘာသာစကားကိုသာ အသုံးပြုရပါမည် (အလုပ်ချိန်အတွင်း မိမိနိုင်ငံသားအချင်းချင်း မိခင်ဘာသာစကားဖြင့် ပြောဆိုခြင်းမပြုရ)။ အခြားအချက်အလက်များသည် အလုပ်ခွင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ပါသည်။ ■လစာတိုးရှိ : အရည်အချင်းနှင့် ကုမ္ပဏီအကျိုးအမြတ်ပေါ်မူတည်၍ ■ဘောနပ်စ် : မရှိပါ ■အလုပ်အသွားအပြန်ခရီးစရိတ်ထောက်ပံ့ကြေးရှိ ■အလုပ်၀င်မည့်ကာလ- ညှိနှိုင်းနိုင် ■ယူနီဖောင်း ကုမ္ပဏီမှ ငှားပေးပါသည် ■ အဆောင်ရှိ ■ တိုခုတဲဂိနိုအမှတ် ၂ ထောက်ပံ့မှုရှိ ■ရေရှည်တွင်店長အဖြစ်ရာထူးတက်လိုသူများအခွင့်အလမ်းရှိ ◆အလုပ်လျှောက်မည်ဆိုပါက ※ပထမဆုံး 会話テスト ဂျပန်စကားပြောစစ်ပါမည် ※ဂျပန်စကားပြောအဆင်ပြေပါက Willof မှ တာ၀န်ခံက အင်တာဗျူးလုပ်ပါမည် ※Willof အင်တာဗျူးအောင်ပါက အလုပ်လုပ်ရမည့် ကုမ္ပဏီနှင့် အင်တာဗျူး ရှိပါမည် ※ကုမ္ပဏီအင်တာဗျူး စုစုပေါင်း ၁ ကြိမ် - အွန်လိုင်း |
| အလုပ်ချိန် |
အဆိုင်းစနစ် သတ်မှတ်ထားခြင်းမရှိ 06:00 am - 03:00 pm သတ်မှတ်ထားသော Shift ပုံစံ |
|---|---|
| အချိန်ပို ရှိ၊ မရှိ | ရှိ (အချိန်ပို ၁၀နာရီ၀န်းကျင်) |
| လိုအပ်ချက်များ | - |
| အနိမ့်ဆုံးဂျပန်စာအရည်အချင်း |
N3 သို့မဟုတ် နေ့စဥ်သုံးအဆင့်ဂျပန်စာ |
| လျှောက်ထားနိုင်သောဗီဇာအမျိုးအစားများ |
အမြဲနေထိုင်ခွင့်ရှိသူ ရေရှည်နေထိုင်ခွင့်ရှိသူ အမြဲနေထိုင်ခွင့်ရှိသူ၏အိမ်ထောင်ဖက် ဂျပန်လူမျိုးအိမ်ထောင်ဖက် နည်းပညာသင်တန်းသား (ဂျစ်ရှုးဆေး) တိုခုတေးဂိနိုး တိုခုတေးခစွတ်ဒိုး တိုခုတေးခစွတ်ဒိုး(အခြား) |
| လမ်းစရိတ် | လမ်းစရိတ်တစ်စိတ်တစ်ပိုင်း ထောက်ပံ့သည် : 35000 Yen/ လ |
| လျှောက်ထားခြင်းလုပ်ငန်းစဉ် |
1.၁။ ကျွန်ုပ်တို့WILLOF WORKကုမ္ပဏီ(မှတ်ပုံတင်ထောက်ပံ့ရေးအဖွဲ့အစည်း)နှင့် အင်တာဗျူးလုပ်ပါမည်။ |
|---|---|
| အခြား |
・အင်တာဗျူးသည် ဂျပန်တာ၀န်ခံနှင့်အတူပါ၀င်ပြီး စကားပြန်လည်းရှိသည်။ |
| အင်တာဗျူး ပုံစံ | အွန်လိုင်း |
| လျှောက်ထားနည်း |
လျှောက်ထားသည့်ခလုတ်ကို နှိပ်ပြီး Facebook မက်ဆေ့ဂျ်မှတစ်ဆင့် အလိုအလျောက်ညွှန်ကြားချက်အတိုင်း အချက်အလက်များကို ဖြည့်သွင်းပါ။ |